HOME | MAT News | Concert News | Air Mandalay bought 6 planes which cost 46.8 billion each airplane

  

Air Mandalay bought 6 planes which cost 46.8 billion each airplane


ဒေါ်လာ ၄၆ ဒသမ ၈ သန်းတန် လေယာဉ်ခြောက်စင်း အဲမန္တလေးဝယ်ယူ


ရန်ကုန်၊ မြန်မာနိုင်ငံ၏ အဲမန္တလေးလေကြောင်းလိုင်း သည် မစ်ဆူဘီရှီ လေယာဉ်ထုတ်လုပ်ရေးကုမ္ပဏီမှ MRJ90s ခရီးသည်တင် လေယာဉ်ခြောက်စင်းကို ဝယ်ယူရန် သဘောတူညီချက် ရရှိခဲ့သည်ဟု သိရ သည်။

အဲမန္တလေး လေကြောင်းလိုင်းနှင့် မစ်ဆူဘီရှီတို့ ၏ သဘောတူညီချက် လက်ရှိဈေးနှုန်းများအရ ဒေါ် လာ ၂၈၁ သန်း တန်ကြေးရှိသည်ဟုသိရပြီး မစ်ဆူ ဘီရှီမှ အော်ဒါရရှိသော MRJ90s ခရီးသည်တင် လေယာဉ်များကို ၂ဝ၁၈ ခုနှစ်မှစတင်ကာ လွှဲပြောင်း ပေးအပ်မည်ဟု သိရသည်။

အဲမန္တလေးမှ ဝယ်ယူသော လေယာဉ်တစ်စင်း ၏တန်ဖိုးမှာ ဒေါ်လာ ၄၆ ဒသမ ၈ သန်း ကျသင့် မည်ဖြစ်ပြီး ဝယ်ယူသူဘက်က အထူးလျှော့ဈေးကို လည်း ခံစားခွင့်ရမည်ဟု သိရသည်။ အဲမန္တလေးနှင့် မစ်ဆူဘီရှီတို့၏ သဘောတူညီချက်ကို အင်္ဂါနေ့တွင် ဗြိတိန်၌ပြုလုပ်သော Farnborough နိုင်ငံတကာ လေကြောင်းပြပွဲတွင် ကြော်ငြာခဲ့ခြင်းဖြစ်သည်ဟု သိ ရသည်။

အဲမန္တလေးလေကြောင်းလိုင်းကို ၁၉၉၄ ခုနှစ် မှ စတင်တည်ထောင်ခဲ့ခြင်းဖြစ်ပြီး ပြည်တွင်းလေ ကြောင်းလိုင်း ၁၅ လိုင်းကို ပျံသန်းလျက်ရှိနေသည်။ အဲမန္တလေးလေကြောင်းလိုင်းသည် ဘရာဇီးနိုင်ငံမှ Embraer ခရီးသည်တင် ဂျက်လေယာဉ်ခြောက် စင်းကိုလည်း ဝယ်ယူရန်စီစဉ်နေသည်ဟု သိရသည်။

Tags : Air Mandalay bought 6 planes which cost 46.8 billion each airplane
Myanmar Seagame 2013
BEC Forever