HOME | MAT News | Concert News | Big Bang biography

  

Big Bang biography


Big Bang biography


Big Bang


တောင်ကိုးရီးယားနိုင်ငံ ယောက်ျားလေး အဖွဲ့တစ်ဖွဲ့တစ်ဖွဲ့ဖြစ်တဲ့ Bigbang ဟာ YG Entertainment ရဲ့ စီစဉ်မှုအောက်မှာ ရှိပါတယ်။ 2006 ခုနှစ်မှာ ဖွဲ့စည်းခဲ့ပြီး G-Dragon, T.O.P, Taeyang, Daesung နှင့် Seungri တို့ဖြင့် ဖွဲ့စည်းထားပါတယ်။ သူတို့ရဲ့ ဖက်ရှင် ဒီဇိုင်းများနဲ့ အုပ်စုဖွဲ့သီဆိုမှု ပုံစံကြောင့် လူသိများပါတယ်။ အဖွဲ့ဝင်တွေ ဟာ သူတို့ရဲ့ကိုယ်ပိုင် သီချင်းများကို ပူးပေါင်းပါဝင် ထုတ်လုပ်ကြပါတယ်။ ထင်ရှာတဲ့ အဖွဲ့ရဲ့ခေါင်းဆောင် တစ်ဦးဖြစ်သူ G-Dragon ဟာ အဖွဲ့ရဲ့လေးစားမှုခြင်းကို ခံရပြီး တေးဂီတ ထုတ်လုပ်သူများရဲ့ ချီးမြှောက်ခြင်းကိုလည်း ရရှိထားသူဖြစ်ပါတယ်။ အဖွဲ့ဟာ သူတို့ရဲ့ "Lies" သီချင်းဖြင့် အောင်မြင်ကျော်ကြားမှုများရရှိခဲ့ပြီး ကိုးရီးယားထိပ်ဆုံးရောက် တေးသီချင်းမှာ နံပါတ်တစ်နေရာက ရပ်တည်နေခဲ့ပါတယ်။ 2007 ခုနှစ်မှ 2008 ခုနှစ်အထိ အယ်လ်ဘမ် များကို ထုတ်ဝေခဲ့ပြီး Last Farewell နှင့် Haru Haru အစရှိတဲ့ သီချင်းများကို ထုတ်ဝေခဲ့ပါတယ်။ Bigbang အဖွဲ့ဟာ ဆုတံဆိပ်ပေါင်းများစွာ ရရှိခဲ့ပါတယ်။ Best Male Group, Song of the Year, Artist of the Year, နှင့် Grand Award အစရှိတဲ့ ဆုများကို Seoul Music Awards မှရရှိခဲ့ပါတယ်။ ၂၀၀၉ ခုနှစ်မှ ၂၀၁၀ ခုနှစ်အတွင်း Japan အစရှိတဲ့ နိုင်ငံများသို့ group လိုက်ဖျော်ဖြေရန်ထွက်ရှိခဲ့ပါတယ်။ ဂျပန်ပရိတ်သတ်များ အတွေ့ချင်ဆုံး အဖွဲ့တစ်ဖွဲ့ဖြစ်လည်း မဲပေးထောက်ခံမှုအများဆုံး ရရှိခဲ့ပါသေးတယ်။ Japan Cable Broadcasting မှပေးအပ်သောဆု Best Newcomer ကို ပထမဆုံးရရှိသည့် နိုင်ငံခြား အဖွဲ့တစ်ဖွဲ့လည်း ဖြစ်ပြန်ပါတယ်။ အဲဒီဆုကို MTV Japan မှာ ရယူခဲ့ပါတယ်။ အဖွဲ့ဝင်တွေဟာ တစ်ယောက်ချင်းစီ လှုပ်ရှားမှုများကို လည်း လုပ်ဆောင်ပါသေးတယ်။
Daesung, Taeyang, G-Dragon နှင့် Seungri တို့ဟာ တစ်ကိုယ်တော်အခွေများကို ထွက်ရှိကြပါသေးတယ်။ G-Dragon နှင့် TOP တို့ဟာ အယ်လ်ဘမ် တစ်ခုကို ပူးပေါင်း ထုတ်ဝေခဲ့ပါတယ်။ ထိုပူးပေါင်းထုတ်ဝေမှုဟာ sub-unit ဖြစ်တဲ့ GD & TOP တို့ရဲ့လက်အောက်မှာရှိပါတယ်။ Seungri နှင့် Daesung တို့ဟာ ရုပ်သံဇာတ်လမ်းတွဲများ နှင့် တေးသီချင်းဂီတဆိုင်ရာအစီအစဉ်များ မှာလည်း ပါဝင်သရုပ်ဆောင်ကြပါတယ်။ T.O.P ဟာ အနုပညာ ကြယ်တစ်ပွင့် ဖြစ်လာခဲ့ပြီး Daesung ဟာ TV Shows ပေါင်းများစွာကို စီစဉ်သူဖြစ်လာပါတယ်။


ကိုးရီးယားတွင်
နှစ်နှစ်တာကာလအတွင်းမှာ Bigbang အဖွဲ့ကိုပြန်လည်ပေါင်းစည်းကြပါတယ် သူတို့ရဲ့ အအောင်မြင်ဆုံး အယ်လ်ဘမ်ဖြစ်တဲ့ Tonight အယ်လ်ဘမ်နဲ့ပါ။ နိုဝင်ဘာလ ၂၀၁၁ ခုနှစ်မှာ Bigbang အဖွဲ့ဟာ Best Worldwide Act ဆုကို 2011 MTV Europe Music Awards မှာရရှိခဲ့ပါတယ်။ 2012 ခုနှစ်မှာတော့ Bigbang ဟာ သူတို့ရဲ့ mini album ဖြစ်တဲ့ Alive ကို ထုတ်ဝေခဲ့ပြီး World Tour အနေနဲ့ လှည့်လည် သီဆိုမှုကို ၂၀၁၃ ခုနှစ်အစောပိုင်းတွင် ပြုလုပ်ခဲ့ပါတယ်။ 


Cheap Replica Watches Hublot Replica Watches Omega Replica IWC Replica IWC Replica Watches watch are available in all ranges from branded to cheap one.These watches are also attractive and stylist.It is good for those want to change their watches according to their clothes.
Tags : Big Bang biography | G-dragon | Top
Myanmar Seagame 2013
BEC Forever