HOME | MAT News | Concert News | IU will be featuring on G.O.D group new album

  

IU will be featuring on G.O.D group new album




ေေေ်္ေ  တောင်ကိုရီးယားနာမည် ကျော် အဆိုတော် IU သည် g.o.d ကေပေါ့ပ်အဖွဲ့၏ များမကြာမီ ထွက်ရှိတော့မည့် အယ်လ်ဘမ် သစ်၌ ပါဝင်သီဆိုပေးထားသည် ဟု တေးဂီတလုပ်ငန်းမှ တာဝန်ရှိ သူတစ်ဦးက ဇူလိုင် ၄ ရက်တွင် ပြောသည်။

‘‘IU ဟာ ကလေးဘ၀ကျောင်း နေအရွယ်ကတည်းက g.o.d အဖွဲ့ရဲ့ ဖျော်ဖြေပွဲတွေကို လိုက်အား ပေးခဲ့ပြီး အဆိုတော်တစ်ယောက် ဖြစ်ချင်ခဲ့တာပါ။ ၂၀၀၀ ပြည့်နှစ် ၀န်းကျင်က အရမ်းရေပန်းစားခဲ့ တဲ့ g.o.d အဖွဲ့ဝင်တွေဟာ ဒီနှစ် မှာပဲ ပြန်လည်ပေါင်းစည်းဖို့ ဆုံး ဖြတ်ခဲ့ပြီး အဖွဲ့ဝင် ကင်ထယ်ဝူး က သူတို့ အယ်လ်ဘမ်သစ်ထဲမှာ IU ပါဝင်သီဆိုပေးဖို့ ကမ်းလှမ်းခဲ့ တယ်။ IU ကလည်း g.o.d အဖွဲ့ ရဲ့ ကမ်းလှမ်းချက်ကို ၀မ်းသာ အားရ လက်ခံခဲ့တယ်’’ ဟု g.o.d အဖွဲ့နှင့် ရင်းနှီးသူတစ်ဦးက ပြော သည်။ ကေပေါ့ပ်အဖွဲ့ g.o.d ၏ အဋ္ဌမမြောက် အယ်လ်ဘမ်သည် ဇူလိုင် ၈ ရက်နှင့် ၉ ရက်များတွင် အွန်လိုင်းနှင့် အော့ဖ်လိုင်းတို့မှ တစ်ဆင့် ထွက်ရှိမည်ဖြစ်သည်။

ယင်းအယ်လ်ဘမ်တွင် IU သည် Sing for Me အမည်ရ သီ ချင်းကို သီဆိုထားသည်ဟု သိရ သည်။ g.o.d အဖွဲ့သည် အယ်လ် ဘမ်ထွက်ရှိပြီးနောက်တွင် ပြည် တွင်း၌ နယ်လှည့်ဖျော်ဖြေပွဲများ ပြုလုပ်သွားမည်ဖြစ်သည်။

Credit : 7day Daily
Tags : IU will be featuring on G.O.D group new album
Myanmar Seagame 2013
BEC Forever