HOME | MAT News | Concert News | Kpop concert in Myanmar (press conference in Park Royal)

  

Kpop concert in Myanmar (press conference in Park Royal)


Kpop concert in Myanmar (press conference in Park Royal)



မြန်မာနိုင်ငံတိုက်ကွမ်ဒိုအဖွဲ့ချုပ်ဥက္ကဌဖလားပြိုင်ပွဲနှင့် K.Pop Concert in Myanmar

မြန်မာနိုင်ငံတိုက်ကွမ်ဒိုအဖွဲ့ချုပ်ဥက္ကဌဖလားပြိုင်ပွဲနှင့် တောင်ကိုးရီးယားနိုင်ငံမှ နာမည်ကျော် K-Pop တေးဂီတအဖွဲ့များ ၏ ဖျော်ဖြေ ပွဲအတွက် သတင်းစာရှင်းလင်းပွဲကို မတ်လ ၂၅ ရက်၊ မွန်းလွဲ ၂ နာရီက Park Royal ဟိုတယ်၌ ကျင်းပခဲ့သည်။ ဧပြီလ ၂၉ - ၃၀ ရက်နေ့များ၏ နံနက်ပိုင်းတွင် ဥက္ကဌဖလားပြိုင်ပွဲနှင့် ဆုပေး ပွဲအခမ်းအနား ကျင်းပမည်ဖြစ်ပြီး ညနေ ၆ နာရီခွဲမှ ည ၉ နာရီအထိ တိုက်ကွမ်ဒိုသရုပ်ပြပွဲနှင့် 1st K.Pop Concert in Myanmar ကို သုဝဏ္ဏမိုးလုံလေးလုံအားကစားရုံတွင် ကျင်းပမည်ဖြစ်သည်။

1st K.Pop Concert in Myanmar ဖျော်ဖြေပွဲတွင် ကိုးရီးယားနိုင်ငံမှ နာမည်ကျော် Girl Band များဖြစ်သော Girl's Day , Dal Shabet , TINT အဖွဲ့များနှင့် Jung IL Young တို့ပါဝင်ဖျော်ဖြေမည်ဖြစ်သည်။
Tags : Kpop concert in Myanmar | press conference in Park Royal | Girl's day | Tint | Dal Shabet
Myanmar Seagame 2013
BEC Forever