HOME | MAT News | Concert News | New actress of Transformers Nicola Peltz

  

New actress of Transformers Nicola Peltz




အသက် ၁၉ နှစ်အရွယ် နီကိုလာပဲလ်ဇ်ဟာ ကမ္ဘာကျော် Transformers ဇာတ်ကားသစ်ရဲ့ ခေါင်းဆောင်မင်းသမီး နေရာကို ရောက်သွားခဲ့တာမို့ ယခုနှစ်ထဲ ရေပန်းစားနေတဲ့ တက်သစ်စ မင်းသမီးတွေထဲမှာ  ရှိုင်လင်းဝုဒ်လေပြီးရင် ဒုတိယမြောက် ကြယ်ပွင့်သစ် ဖြစ်လာပါတယ်။ "ကျွန်မက ခေါင်းဆောင်မင်းသမီးဆိုပေမယ့် သမီးဖြစ်သူနေရာကနေ သရုပ်ဆောင်ရတာဆိုတော့ ဒီကာရိုက်တာက နည်းနည်းထူးခြားတယ်။ 

အထူးသဖြင့် Transformers မင်းသမီးတွေထဲမှာ ကျွန်မက အသက်အငယ်ဆုံး ဖြစ်သွားတာပေါ့" လို့ ဟောင်ကောင်မှာလုပ်တဲ့ ဇာတ်ကားအစမ်းပြပွဲကို ရေခဲပြာရောင်ဝတ်စုံနဲ့ ရောက်လာစဉ်မှာ မီဒီယာတွေကို အခုလိုမျိုး ခပ်ထေ့ထေ့လေး ဖြေကြားသွားတာ ဖြစ်ပါတယ်။ နီကိုလာ မတိုင်ခင်က ယခင်ဇာတ်ကားတွေမှာ မေဂန်ဖောက်စ်တို့၊ ရိုစီဟန်တင်တန်ဝှိုက်တလေတို့က အသက် ၂၀ ကျော် အရွယ်တွေနဲ့ သရုပ်ဆောင်ခဲ့ကြပြီး ယခုဇာတ်ကားသစ်မှာ နီကိုလာက အသက် ၁၇ နှစ်အရွယ် တက်ဆာယေဂါဆိုတဲ့ ကောင်မလေးနေရာကနေ သရုပ်ဆောင်ခဲ့တာပါ။ 

နီကိုလာဟာ ကားကနေ စက်ရုပ်အသွင် ပြောင်းသွားတဲ့ Transformers ဇာတ်ကားတွေကို ကြည့်ခဲ့တဲ့ ပရိသတ်တစ်ယောက် ဖြစ်ပါတယ်။ ကြမ်းပြင်အထိ ရှည်ကျနေတဲ့ ပရာဒါရဲ့ ဂါဝန်ဟာ ဝမ်းဗိုက်ကြွက်သား နေရာအထိ ဟိုက်ကျနေတာမို့ သူမနဲ့ လိုက်ဖက်ပေမယ့် ဝါရင့်တွေလိုပဲ ဝတ်စားဆင်ယင်မှု ရဲတင်းတယ်လို့ ဆိုကြပါတယ်။ နီကိုလာက အဖိုးတန် ကျောက်မျက်ရတနာတွေကို ထင်သာမြင်သာ ဝတ်ဆင်ထားပေမယ့် မိတ်ကပ်ကိုတော့ ခပ်းပါးပါးပဲ ခြယ်သပြီး ပွဲတက်ခဲ့ပါတယ်။

Credit : Auto World Journal
Tags : New actress of Transformers Nicola Peltz
Myanmar Seagame 2013
BEC Forever