HOME | MAT News | Concert News | Thai Film Festival Yangon 2014 successfully finished

  

Thai Film Festival Yangon 2014 successfully finished


Thai Film Festival 2014 ဖျော်ဖြေပွဲကို ပြည်သူ့ရင်ပြင်၌ အောင်မြင်စွာ ပြုလုပ်နိုင်ခဲ့



Thai Film Festival 2014 (မြန်မာ-ထိုင်း နှစ်နိုင်ငံ ချစ်ကြည်ရေး အနုပညာ ဖျော်ဖြေပွဲကြီး) ကို မတ်လ (၂၈၊ ၂၉၊ ၃၀) ရက်နေ့များတွင် ပြည်သူ့ရင်ပြင်၌ အောင်မြင်စွာ ကျင်းပပြုလုပ်နိုင်ခဲ့သည်။

အဆိုပါ မြန်မာ - ထိုင်း နှစ်နိုင်ငံ ချစ်ကြည်ရေး အနုပညာ ဖျော်ဖြေပွဲတွင် ထိုင်းရုပ်ရှင်များ ပြသခြင်း၊ ထိုင်းနှင့် မြန်မာနိုင်ငံတို့မှ အနုပညာရှင်များမှ တေးသီချင်းများဖြင့် ဖျော်ဖြေခြင်း၊ ဂိမ်းကစားခြင်း၊ ထိုင်းအနုပညာ ရှင်များနှင့် မိတ်ဆက်ပေးခြင်း၊ နှစ်ပါးသွားသဘင် တို့နှင့် စုံလင်စွာ ဖျော်ဖြေခဲ့ခြင်း ဖြစ်သည်။

ပထမနေ့ဖြစ်သည့် မတ်လ (၂၈)ရက်နေ့တွင် ည(၈)နာရီ၌ ရန်ကုန်တိုင်း ဒေသကြီး ၀န်ကြီးချုပ် ဦးမြင့်ဆွေ ကိုယ်တိုင် ဖွင့်ပွဲအခမ်းအနားကို ဖွင့်လှစ်ပေးခြင်း၊ PEE MAK (ဟာသသရဲ) ဇာတ်ကားမှ ဇာတ်ညွှန်းရေးဆရာ၊ ဒါရိုက်တာ၊ လူရွှင်တော်များဖြင့် ပရိသတ်များကို မိတ်ဆက်ပေးခြင်း၊ ထိုင်း နာမည်ကြီး အဆိုတော် MOS က တေးသီချင်း ဖျော်ဖြေပေးခြင်း၊ သိန်းလင်းစိုး၊ ဆုမြတ်နိုးဦး၊ ဆောင်းယွန်းစံ နှင့် အနုပညာရှင် တစ်ချို့၏ ဂိမ်းကစားခြင်း၊ နွေးနွေးချစ်ဖွယ်၊ ရဲရင့်ထွန်း၊ သိန်းလင်းစိုး နှင့် အနုပညာရှင် တစ်ချို့၏ တေးသီချင်းများနှင့် ဖျော်ဖြေခြင်း စသည့် အစီအစဉ်များ ပါဝင်ခဲ့သည်။

ဒုတိယနေ့ ဖြစ်သည့် မတ်လ(၂၉) ရက်နေ့တွင် ထိုင်းသရဲကား (3AM) ဇာတ်ကားမှ သရုပ်ဆောင်အချိုနှင့် မိတ်ဆက်ပေးခြင်း၊ ထိုင်းရုပ်ရှင်ဇာတ်ကား (သရဲကား) ဖြစ်သည့် 3 AM ဇာတ်ကားပြသ ပေးခြင်း၊ ထိုင်းနာမည်ကျော် Pop အဆိုတော် Neko Jump အဖွဲ့၏ တေးသီချင်း ဖျော်ဖြေခြင်း၊ ဖြိုးငွေစိုး၊ ဟက်ကက်၊ နေဒွေး၊ မိုးယံဇွန်၊ စံရတီမိုးမြင့်၊ မေမြင့်မိုရ်၊ ပန်းပန်၊ ခင်ဝင့်ဝါ တို့၏ ဂိမ်းကစားခြင်း အစီအစဉ်၊ နော်နော်၊ ပိုပို၊ ဂျင်းနီ၊ ကျော်ထွဋ်ဆွေ နှင့် အခြားသော အဆိုတော်များ၏ တေးသီချင်း ဖျော်ဖြေခြင်း စသည့် အစီအစဉ်များ ပါဝင်ခဲ့သည်။

နောက်ဆုံးနေ့ ဖြစ်သည့် မတ်လ(၃၀) ရက်နေ့တွင် ထိုင်းဇာတ်ကား ဖြစ်သည့် ATM ဇာတ်ကားပြသပေးခြင်း၊ ထိုင်းအနုပညာရှင် တစ်ချို့နှင့် မိတ်ဆက်ပေးခြင်း၊ ထိုင်း Hip Hop အဆိုတော် ဖြစ်သည့် DJ Buddha အဖွဲ့၏ တေးသီချင်း ဖျော်ဖြေမှု၊ ယုန်လေး၊ ဝေလျှံ၊ ဟိဏ်းသစ်၊ ထျန်းခေး၊ ဆူဇီ၊ စုနန္ဒာအောင်၊ ၀ိုင်းလေးနှင့် အခြားသော အနုပညာရှင်များ၏ တေးသီချင်း ဖျော်ဖြေမှု၊ တင်မောင်ဆန်းမင်းဝင်း၊ မေတင်မောင် ဆန်းမင်းဝင်း၊ မေကဗျာ၊ ဆန်းသစ်လ၊ စန္ဒီမြင့်လွင်၊ Bobby Soxer ၊ နန်းမြတ်ဖြိုးသင်း၊ မိစန္ဒီ၊ နန်းသူဇာ တို့၏ နှစ်ပါးသွား သဘင်တို့ဖြင့် ဖျော်ဖြေ တင်ဆက်ခဲ့ကြသည်။

 
Tags : Thai Film Festival Yangon 2014 successfully finished | Thailand | Myanmar | Neko Jump
Myanmar Seagame 2013
BEC Forever