HOME | MAT News | Sport News | Huawei Ascend P7

  

Huawei Ascend P7

 

Selfie ပုံရိုက်ခြင်း ဝါသနာပါသူများအတွက် Huawei Ascend P7



မန်းဈေးကွက်ထဲသို့ Huawei Ascend P7 ဝင်ရောက် လာပါတယ်။  Network စနစ်အနေနဲ့ 2G, 3G, 4G တွေကို အထောက်အပံ့ ပေးတယ်လို့ သိရပါတယ်။ GSM/ WCDMA Micro+Nano Sim  နှစ်ကတ်စိုက်ဖြစ်ပြီး စကရင် အရွယ်အစားက ၅ လက်မ (IPS LCD capacitive touch screen) ရှိပါတယ်။ စကရင်ကို Corning Gorilla Glass 3 နဲ့ ကာကွယ်မှု ပေးထားပါတယ်။



 Internal memory 16GB ပါဝင်လာပြီး Micro SD ကတ်နဲ့ 64 GB အထိ ထပ်မံတိုးမြှင့်နိုင်မယ်လို့ သိရပါတယ်။ Quad core 1.8 GHz Cotex-A9 CPU ကို အသုံးပြုထားပြီး RAM-2GB ပါဝင်ပါတယ်။ NFC စနစ်လည်း အထောက်အပံ့ ပေးပါတယ်။ ကင်မရာစနစ် အနေနဲ့ 13MP (LED Flash) နောက်ကင်မရာနှင့် 8MP ရှိတဲ့ ရှေ့ကင်မရာတွေ ပါဝင်ပါတယ်။ 

Android OS 4.2.2 (Kitkat) ထည့်သွင်း အသုံးပြုထားပါတယ်။ Li-Po 2500mAh ဘက်ထရီကို အသုံးပြုထားပါတယ်။ မြန်မာဖောင့်လည်း အဆင်ပြေတယ်လို့ သိရပါတယ်။ တန်ဖိုး 334,000 ကျပ်ဖြင့် Anycall Mobile (မန္တလေး) ၇၈ လမ်း (၂၇ x ၂၈) ကြားတွင် ဝယ်ယူနိုင်မှာ ဖြစ်ပါတယ်။


Credit : Internet Journal
Tags : Huawei Ascend P7
Myanmar Seagame 2013
BEC Forever