HOME | MAT News | Sport News | Klose hits new World Cup goal score record

  

Klose hits new World Cup goal score record

 



ဘရာဇီးနှင့် ပွဲစဉ်တွင် ထပ်ဆင့်ကန်ချက်ဖြင့် ဒုတိယဂိုး သွင်းယူခဲ့သည့် ဂျာမနီတိုက်စစ်မှူး ကလိုဆေးမှာ ကမ္ဘာ့ဖလားပြိုင်ပွဲ သမိုင်း တစ်လျှောက် ဂိုးအများဆုံး သွင်းယူထားသည့် ဘရာဇီး တိုက်စစ်မှူး ရော်နယ်ဒို၏ စံချိန်ကို ချိုးဖျက်နိုင် ခဲ့သည်။

ရော်နယ်ဒိုသည် (၁၉၉၈)ခုနှစ်မှ (၂၀၀၆)ခုနှစ်အတွင်း ကမ္ဘာ့ဖလား ပြိုင်ပွဲ(၃)ရပ် ကစားပြီး ဘရာဇီးအတွက် (၁၅)ဂိုး သွင်းယူနိုင် ခဲ့ကာ ကလိုဆေးမှာ (၂၀၀၂)ခုနှစ်မှ လက်ရှိကမ္ဘာ့ဖလားပြိုင်ပွဲအထိ ကမ္ဘာ့ ဖလားပြိုင်ပွဲ (၄)ရပ် ကစားရာတွင် ၁၆ ဂိုးသွင်း ယူနိုင်ခဲ့ခြင်းဖြစ်သည်။

ပိုလန်တွင် မွေးဖွားခဲ့သည့် ဂျာမနီ တိုက်စစ်မှူး ကလိုဆေးသည် ကမ္ဘာ့ဖလားပြိုင်ပွဲတွင် တစ်ပွဲပျမ်းမျှ သွင်းဂိုး (၁.၀၆)ဂိုးအထိ သွင်းယူနိုင်သူအဖြစ် ရပ်တည်နေသည်။

Credit: yoyarlay
Tags : Klose hits new World Cup goal score record
Myanmar Seagame 2013
BEC Forever