HOME | MAT News | Sport News | Mourinho will not sell Ramires to Real Madrid

  

Mourinho will not sell Ramires to Real Madrid

 



ရာမီရက်စ် အတွက် ရီးယဲလ်မက်ဒရစ် အသင်းက ကမ်းလှမ်း လာမှုတိုင်းကို ချယ်လ်ဆီး မန်နေဂျာ ဟိုဆေးမော်ရင်ဟိုက ပယ်ချသွားရန် အသင့် ရှိနေကြောင်း သိရသည်။

ဘရာဇီးလ် လက်ရွေးစင် ကွင်းလယ်ကစားသမားကို ဥရောပ ချန်ပီယံ ရီးယဲလ် အသင်းက စိတ်ဝင်စားနေပြီး အကြိုကမ်းလှမ်းမှု တစ်ရပ်ဖြင့် ချဉ်းကပ်လာဖွယ် ရှိနေကြောင်း သတင်းများ ထွက်ပေါ်ခဲ့သည်။ သို့သော်လည်း ပေါ်တူဂီသား မန်နေဂျာက ၎င်း၏ အဓိက လက်ရုံး တစ်ဆူသဖွယ် ဖြစ်နေသည့် ကစားသမားကို စတမ်းဖို့ဒ်ဘရစ်ဂ်ျမှ ထွက်ခွာခွင့် ပေးဖွယ် မရှိချေ။ အသက်(၂၇)နှစ်ရှိ ရာမီရက်စ်သည် ချယ်လ်ဆီးကို မော်ရင်ဟို တစ်ကျော့ပြန် ကိုင်တွယ်ချိန်၌ အဓိက ဦးစားပေး အသုံးပြု ခံရသည့် ကစားသမား တစ်ဦးလည်း ဖြစ်သည်။

ရီးယဲလ် အနေဖြင့် ရာမီရက်စ်ကို စိတ်ဝင်စားနေသလို မော်ရင်ဟိုကလည်း ရီးယဲလ်အသင်း၏ ကစားသမား အချို့ကို တန်ပြန်စိတ်ဝင်စားလျှက် ရှိသည်။ အထူးသဖြင့် နောက်ခံလူ ရာဖာရဲလ်ဗာရိန်း၊ ကွင်းလယ်လူ အစ္စကိုနှင့် ဆမ်မီခီဒီရာတို့ကို မော်ရင်ဟိုက စောင့်ကြည့်နေကြောင်း သိရသည်။ မော်ရင်ဟိုသည် ပြီးခဲ့သည့် ရာသီက ချယ်လ်ဆီး အသင်း ဖလားလက်မဲ့ နှစ်တစ်နှစ်ကို ဖြတ်သန်း ခဲ့ရပြီးနောက် အသင်းကို ပြုပြင်ပြောင်းလဲမှု ကြီးမားစွာဖြင့် ဖွဲ့စည်းသွားဖွယ် ရှိနေသည်။ ချယ်လ်ဆီးသည် အက်သလက်တီကို မက်ဒရစ် တိုက်စစ်မှူး ဒီယေဂို ကော်စတာကို အပြီးသတ် ခေါ်ယူရန် လုပ်ဆောင်နေပြီး ဘာစီလိုနာ ကွင်းလယ်လူ ဆက်စ်ဖာဘရီဂက်စ် အတွက်လည်း ဆွေးနွေးနေဆဲဟု ယူဆရသည်။

အခြားသော သတင်းများ အရ ချယ်လ်ဆီးမှ ထွက်ခွာရန် စဉ်းစားနေပြီဟု ထုတ်ဖော်ဝန်ခံထားသည့် တိုက်စစ်မှူး ရိုမီလူ လူကာကူကို အီတလီ စီးရီးအေ ချန်ပီယံ ဂျူဗင်းတပ်စ်က စိတ်ဝင်စားနေကြောင်းလည်း သိရှိရသည်။


Credit: soccer Myanmar
Tags : Mourinho will not sell Ramires to Real Madrid
Myanmar Seagame 2013
BEC Forever