HOME | MAT News | Sport News | Netherland is in good condition in World Cup 2014

  

Netherland is in good condition in World Cup 2014




ကမ္ဘာ့ဖလား ထိပ်သီးအသင်း တွေထဲမှာတော့ ဗန်ပါစီတို့ရဲ့ နယ် သာလန်အသင်းကတော့ အခြေ အနေကောင်းနေပါတယ်။ အဖွင့်ပွဲမှာ လက်ရှိ ချန်ပီယံ စပိန်အသင်းကို ငါးဂိုး-တစ်ဂိုးနဲ့အနိုင်ရပြီးကတည်းက နယ်သာလန်အသင်းရဲ့ ခြေစွမ်းကို ပရိသတ်များ တွေ့ခဲ့ရပြီးဖြစ်ပါတယ်။ 

ယမန်နေ့ညက ကစားတဲ့ပွဲမှာလည်း သြစတြေးလျကို သုံးဂိုး-နှစ်ဂိုးနဲ့ အနိုင် ရလိုက်တာကြောင့် ရှုံးထွက် ၁၆ သင်း ပြိုင်ပွဲသို့ တက်ရောက်ဖို့ သေချာသွား ပြီဖြစ်ပါတယ်။ ပွဲစပြီး မိနစ် ၂ဝ မှာ အာဂျန်ရော်ဘင်က နယ်သာလန် အသင်းအတွက် အဖွင့်ဂိုးသွင်းယူ ခဲ့ပါတယ်။ ဒီဂိုးကို သြစတြေးလျ ကစားသမား ကာဟေးလ်က ချက်ချင်း ချေပခဲ့ပါတယ်။ သြစတြေးလျအသင်း မှ မိုင်းဂျက်ဒီနတ်က ပယ်နယ်တီမှ တစ်ဆင့် တစ်ဂိုးသွင်းယူခဲ့ပါတယ်။ ဒီဂိုးကို တိုက်စစ်မှူး ဗန်ပါစီက ချေပ ခဲ့တာကြောင့် တစ်ဖက်နှစ်ဂိုးစီနဲ့ သရေပွဲဖြစ်နေခဲ့ပါတယ်။

 တစ်ဖက်နဲ့ တစ်ဖက် အနိုင်ဂိုးသွင်းနိုင်ရေး အကြိတ်အနယ် ကစားခဲ့ရာ ပွဲချိန် ၆၈ မိနစ်မှာတော့ ဒီပေးက ၂၅ ကိုက် အကွာမှ နယ်သာလန်အတွက် အနိုင်ဂိုးသွင်းယူပေးခဲ့ပါတယ်။
နယ်သာလန်အသင်းဟာ အဖွင့် ပွဲမှာ လက်ရှိချန်ပီယံကို အနိုင်ရလိုက် တာကြောင့် နှစ်ပွဲပေါင်း ခြောက်မှတ် ရရှိကာ နောက်တစ်ဆင့်တက်ဖို့ သေချာသွားပြီ ဖြစ်ပါတယ်။ နယ်သာ လန်နည်းပြ ဗန်ဟားက သူ့အသင်း အနေနဲ့ ဒီကမ္ဘာ့ဖလားပွဲမှာ အနည်းဆုံး ဗိုလ်လုပွဲအထိ တက်လှမ်း နိုင်ဖို့ မျှော်လင့်ထားတယ်လို့ ဆိုပါ တယ်။

ဗန်ပါစီနဲ့ ရော်ဘင်တို့ ခြေ စွမ်းပြနေတာကြောင့် လက်ရှိအနေ အထားမှာ နယ်သာလန်အသင်းဟာ ဗိုလ်လုပွဲအထိ တက်လှမ်းနိုင်မယ့် လမ်းကြောင်းပေါ် ရောက်ရှိနေတယ် လို့ ဘောလုံးအကဲခတ်သူတွေက ပြောဆိုနေကြပါတယ်။ လက်ရှိ အနေ အထားအတိုင်း ကစားသမားကောင်း တွေ ထိခိုက်ဒဏ်ရာရမှုမရှိဘူးဆိုရင် နယ်သာလန်အသင်းဟာ မျှော်မှန်းတဲ့ အတိုင်းဖြစ်လာလိမ့်မယ်လို့ တွက်ဆ ထားကြပါတယ်။


Credit : The Mirror Daily
 
Tags : Netherland is in good condition in World Cup 2014
Myanmar Seagame 2013
BEC Forever